4 Skill Co.,Ltd သည် ဂျပန်နိုင်ငံရှိ ကျောင်းများ၊ ကုမ္ပဏီများဖြင့် ချိတ်ဆက်ထားပါသည်။ ဂျပန်နိုင်ငံသို့ ကျောင်းဖြင့်ဖြစ်စေ၊ အလုပ်ဖြင့်ဖြစ်စေ သွားရောက်လိုသူများအတွက် နေ့စဉ်သုံးနှင့် လုပ်ငန်းခွင်သုံး ဂျပန်စကားအပြင်၊ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု ဆောင်ရန် ရှောင်ရန်များ အား အနှစ်(၂၀) အတွေ့အကြုံရှိ ဆရာ/မ များမှ သင်ကြားပေးပါသည်။ ဂျပန်မှာကျောင်းတက်မယ်၊ Part Time အလုပ်လုပ်မယ်ဆိုတဲ့ ကျောင်းသား ကျောင်းသူများ အတွက် ဂျပန်စာ၊ ဂျပန်စကားကို ပြောနိုင်ရမည်။ ဂျပန်ရောက်ရင်လည်း Part Time အတွက် အလုပ်ရှာပေးပါသည်။ Part Time အတွက်လည်း လိုအပ်သည့် အလုပ်စကားနဲ့ စကားပြောများကို Train ပေးသည့်အတွက် ဂျပန်ရောက်ရင် အဆင်ပြေမည်။ ဂျပန်နိုင်ငံရှိ လမ်းသွားလမ်းလာ၊ ရထားစီး၊ ဘတ်စ်ကားစီး၊ ဈေးဝယ်အစရှိတာတွေကိုလည်း Train ပေးပြီး ဂျပန်ယဉ်ကျေးမှုတွေကိုလည်း သင်ကြားပေးပါသည်။ ဂျပန်ဘာသာစကားသည် ကိုယ်မွေးရပ်ဇာတိနိုင်ငံမိခင်ဘာသာစကားမဟုတ်တဲ့အတွက် စစသင်ယူခြင်းအချိန်မှာ လူတိုင်းအခက်အခဲတွေနဲ့ ကြုံတွေ့ရမှာပါ။ ဂျပန်ဘာသာစကားကို အသင်ယူပြီဆိုလျှင် သေချာလေ့လာမှတ်သားရပါမည်။ ကိုယ့်အတွက် အကျိုးရှိတဲ့အရာတစ်ခုဖြစ်အောင် ကြိုးစားရပါမည်။ ယခုလက်ရှိမြန်မာနိုင်ငံစီးပွားရေးအရ မြန်မာပြည်မှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ များလာပါပြီ။ ဒီမှာပဲ အလုပ်ရမဲ့ အခွင့်အလမ်းတွေ အများကြီးပါပဲ။ ဂျပန်ကုမ္ပဏီတွေက ဂျပန်စကားတတ်မြောက်တဲ့သူဆိုရင် လစာကောင်းကောင်းနဲ့ခန့်ထားပါတယ်။ ဂျပန်ဘာသာစကားကို တတ်ထားရင် ကိုယ်ကပိုသာပါတယ်။ ကိုယ့်နိုင်ငံမှာပဲ အေးအေးဆေးဆေးနဲ့ အလုပ်လုပ်နိုင်ပါတယ်။ တချို့ ကုမ္ပဏီတွေက Training သဘောမျိုးနဲ့ ဂျပန်နိုင်ငံကိုလွှတ်ပေးတာမျိုးလည်းရှိပါတယ်။ ဂျပန်ဘာသာစကားပြိုင်ပွဲတွေမှာ ဆုရတဲ့သူတွေက ဂျပန်နိုင်ငံကို တစ်ပတ်၊ နှစ်ပတ်လောက် သွားရောက်လည်ပတ်ခွင့် အခွင့်အလမ်းများလည်း ရှိလာပါပြီ။ ကိုယ်အတွက် အကျိုးရှိတဲ့ ဂျပန်ဘာသာစကားကို လူငယ်တိုင်းလေ့လာစေချင်တဲ့ဆန္ဒကိုတင်ပြရင်း .....