အလုပ်ဗီဇာ
Work Visa ဖြင့် သွားချင်သူများ အတွက် Form များ လက်ခံ ပေးနေပါသည်။ ဂျပန်သို့အလုပ်လုပ်ရင်းကျောင်းတက်ချင်သူများ/ Work Permit ဖြင့်သွားချင်သူများကို အထူးဝန်ဆောင်မှုပေးနေပါသည်။ အသေးစိတ်သိရှိလိုသူများသည် ဖုန်းဖြင့် (သို့) လူကိုယ်တိုင်လာရောက် မေးမြန်းနိုင်ပါသည်။
- ဂျပန်စာ N5 နှင့် N4 သင်ကြားပေးပါသည်
- ဘိုးဘွားရိပ်သာအကူဖြင့် သွားချင်သူများအတွက် ဘိုးဘွားရိပ်သာအကူ သင်တန်းဖွင့်ရန် ရှိသည်
- N4 အောင်လက်မှတ်ရရှိပြီး ဘိုးဘွားရိပ်သာအကူစာမေးပွဲ ကိုဖြေဆိုပြီ အောင်လက်မှတ်ရလျှင် Training Visa (or) Skill Worker Visa ဖြင့်သွားရောက်နိုင်သည်
- ဂျပန်စာ တက်ရောက်ချင်သူများအနေဖြင့် မိမိအားလပ်ချိန်တွင် သင်ကြားနိုင်သော တန်းခွဲ များကို စိတ်ကြိုက်ညှိနှိုင်းပေးခြင်း နှင့် အခြား၀န်ဆောင်မှုများ စီစဉ်ပေးနေပါသည်
- N5/ N4 အောင်မြင်ပြီးသူများ အတွက်လည်း အလုပ်ချိတ်ဆက်ပေးပါသည်။
- Training Visa ဖြင့်ပြန်လာသူများ အတွက်လည်း ဂျပန်သို့ပြန်လည်သွားရောက် အလုပ်လုပ်နိုင်ရန် စီစဉ်ပေးနေပါသည်
မကြာမီ အချိန်တွင် ဘိုးဘွားစောင့်ရှောက်ရေး အကူ သင်တန်း ဖွင့်လှစ်ပါမည်။
ဂျပန်သို့ အလုပ်နဲ့ သွားချင်သူများ အတွက် ဂျပန်စကားပြောသင်တန်း နှင့် အလုပ်သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ပါ၍ အမြန်ဆုံးစာရင်းပေးသွင်းကြရန် ဖိတ်ခေါ်အပ်ပါသည်

- Trainee Visa နှင့် အသစ်ထွက်ရှိသော Skill Worker Visa ၏ သတ်မှတ်ချက်မှာ N4 အောင်လက်မှတ် ရှိရမည်
- မိမိတို့ သွားမည့် အလုပ်နဲ့ ပတ်သက်သော သင်တန်းအောင်မြင်ရမည်
- 4 Skill ဂျပန်စာ သင်တန်းကျောင်းမှ Man Power လိုင်စင်ရရှိထားသော အေးဂျင့် နှင့် တွဲဖက် ပါတနာ ဖြင့် ပို့ဆောင်ပေးမည် ဖြစ်ပါသည်
- ယခု ဂျပန်နိုင်ငံမှ အသစ်ခေါ်ယူသော Skill Worker စနစ်ဖြင့် အဓိက ပို့ဆောင်ပေးမည် ဖြစ်ပါသဖြင့် ဂျပန်နိုင်ငံ တွင်လည်း 登録支援機関 ဟု အဓိပ္ပာယ်ရသည့် ဂျပန် အစိုးရ ၏ လိုင်စင်ရ အသိအမှတ်ပြုထားသည့် အလုပ်သမား ခေါ်ခွင့် ရထားသော Partner အေးဂျင့် ဖြင့် ပူးပေါင်းဆောင်ရွက်၍ လုံခြုံစိတ်ချ မှန်ကန်စွာ ပို့ဆောင်ပေးမည် ဖြစ်ပါသည်
